မှန်စီလေးစေတီနှင့် မှန်စီကြီးစေတီတော်တို့မှာ ကိုက်(၁၅၀၀)ခန့်ကွာဝေးပြီး မှန်စီကြီးစေတီတော်မှာ ယခုလက်ရှိနေရာဖြစ်သည့် အမှတ်(၄)ရပ်ကွက်အတွင်းတည်ရှိပြီး ဆက်လက်ပြုပြင်တည်ထားကိုးကွယ်ခဲ့ကြသော်လည်း မှန်စီလေးစေတီတော်မှာ ဘုရားငုတ်တိုအဖြစ် ပျက်စီးယိုယွင်းနေပြီး ရောင်ခြည်တော်များကွန့်မြူးသည့်အခါမှသာ ပြည်သူအများစိတ်ဝင်စားသတိထားမိလာကြ၍ ရှေးဟောင်းအမွေအနှစ်များပျက်စီးပျောက်ဆုံးမှုမရှိစေရေးအတွက် မြို့ပေါ်ရှိဘာသာသာသနာကိုအလေးထားကြည်ညိုပူဇော်စိတ်ရင်းရှိကြသော ပုဂ္ဂိုလ်များစုစည်း၍ စနစ်တကျတူးဖော်မှတ်တမ်း တင်ပြီး ပြန်လည်တည်ထားကိုးကွယ်ရန်စီစဉ်ခဲ့ကြပါသည်။ ရေတာရှည်၊ ကရင်ချောင်းလမ်းဖောက်လုပ်ရာတွင် ဘုရားပုရဝုဏ်မြေပါသွားခြင်း ၊ လူနေအိမ်များ၊ လမ်းမြေများနှင့်နီးကပ်လျက်ရှိသဖြင့် မသင့်လျော်ခြင်း၊ သာသနိကအဆောက်အအုံများတိုးချဲ့ဆောက်လုပ်လှူဒါန်းရန်မသင့်လျော်ခြင်း တို့ကြောင့် ယခုဓာတ်တော်ဘုရားကြီးတည်ထားရာနေရာဖြစ်သည့် ရေတာရှည်-ကရင်ချောင်းလမ်း နှင့် ဆင်ဝပ်အင်း၏အကြားရှိ မြေကွက်လပ်တွင်ရွှေ့ပြောင်းတည်ထားရန်သတ်မှတ်ခဲ့ပါသည်။

သာသနာသက္ကရာဇ် (၂၉၄၈) ခုနှစ်၊ မြန်မာ သက္ကရာဇ် (၁၃၆၆) ခုနှစ်၊ ခရစ်သက္ကရာဇ် (၂၀၀၄) ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့မှစ၍ (၂၀၁၈) ခုနှစ်အထိ ဓါတ်တော်စေတီတော်မြတ်ကြီးကို ငှက်ပျောဖူးမှစ၍ ခေါင်းလောင်းအထိ ကြေးပြားနှင့် ရွှေသင်္ကန်းကပ်လှူခြင်းကို ( ) ခုနှစ်သက္ကရာဇ်အထိ ကပ်လှူပူဇော်ခဲ့ပါသည်။