Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကိုးခန်းသာသနာ့ဗိမာန်တော်

             ကညွတ်ကွင်းမြို့သား နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး သူရရွှေမန်း ဘုရားဖူးရောက်ရှိလာပြီး ဘုရားဝန်းအတွင်း ဘုရားကြီးနှင့် လိုက်လျောညီထွေရှိမည့် သာ သာသန ဗိမာန်တော်ကြီးတစ်ဆောင် ဆောက်လုပ်နိုင်ရေး လမ်းညွှန်ခဲ့ပါသည်။ ဒုတိယဗိုလ်ချုပ် သူရရွှေမန်း၏ လမ်းညွှန် ချက်အရ ငါးထပ်ကြီးမြတ်စွာဘုရား ဘက်စုံမွမ်းမံရေး ကော်မတီနှင့် မြို့မိမြို့ဖများ ပူးပေါင်းတိုင်ပင်၍ သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ (၁၅. ၁. ၂ဝဝဝ) ပြည့်နှစ် နံနက် (၉း၃၀)နာရီအချိန်တွင် င်အေးပဲခူးတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင် ဇနီး ဒေါ်ကြည်ကြည်အုန်း တို့မှ အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို စတင် ဆောင်ရွက်ခဲ့ပါသည်။၄င်းနောက် မြို့သူမြို့သား နယ်သူနယ်သားများ၏ သဒ်ဓါတရားထကျသနျမှုကွောင့ျ အလျား ၁ဝ၈ အနံ ၅၅ ပေ ရှိ ကိုးခန်းသာသနာ့ဗိမာန်တော်ကြီးအား (၃၁. ၁၂. ၂၀ဝ၃)ခုနှစ်တွင် အောင်မြင်ပြီးစီးတည်ဆောက်နိုင်ခဲ့ပါသည်။ဂေါပကအဖွဲ့ အဆက်ဆက်၏ ပြုပြင်မွမ်းမံထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ခန့်ညားထည်ဝါစွာ တည်ရှိလျှက်ရှိပါသည်။