ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်းနှစ်စဉ် လအလိုက် ကျင်းပသည့်ပွဲတော်များ

     သင်္ကြန်ရက်အခါသမယတွင် သင်္ကြန်အကြိုနေ့မှစ၍ နှစ်ဆန်းတစ်ရက်နေ့ထိ ဘုရားဖူး ပြည်သူများနှင့် အထူးစည်ကားလျှက်ရှိပါသည်။

     ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကို ဘုရားလာပြည်သူများမှ ဘုရားဝန်း အတွင်းရှိ ဗောဓိပင်နှစ်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြရာတွင် ဘုရားဖူးပြည်သူများဖြင့် အထူး စည်ကားလျှက်ရှိ ပါသည်။

     ဝါဆိုလဆန်း (၁၃)ရက်နေ့တွင် ကညွတ်ကွင်းမြို့ပေါ်ရှိ ကျောင်းပေါင်း (၂၇)ကျောင်းရှိ ကျောင်း ထိုင်ဆရာတော်များအား ပင့်လျှောက်၍ နံနက်အာရုံဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆရာတော်များ အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြပါသည်။ဝါဆိုလပြည့်မှစ၍ ဝါတွင်းကာလဥပုဒ်နေ့တိုင်း ဘုရားဝန်းအတွင်းရှိ ကိုးခန်းဓမ္မာရုံတွင် သီလပေး တရားပွဲများကို သီတင်းကျွတ်လပြည့်နေ့ထိ ကျင်းပပါသည်။

     သီတင်းကျွတ်လပြည့်နေ့တွင် ကညွတ်ကွင်းမြို့ဒေသရှိ ဘုန်းတော်ကြီးကျောင်း (၅၆)မှ သံဃာတော် အရှင်သူမြတ်အပါး (၂၆၀)ဆယ်ကျော်မှ ဘုရားဝန်းအတွင်းရှိ မဟာဝိဇယသိမ်တော်ကြီးတွင် ပဝါယနာ ပြုပြီးနောက် ဘုရားအမှူးရှိသော သံဃာအရှင်မြတ်များ သိမ်ဆင်းသည့်အခါ မြို့သူမြို့သား၊ နယ်သူနယ်သား များမှ ဆွမ်းဆန်စိမ်းနှင့် လှူဒါန်းဖွယ်ရာ အဖြာဖြာကို စည်းကားသိုက်မြိုက်စွာပူဇော်ကြပါသည်။ 

     သီတင်းကျွတ်လဆန်း (၁၄)ရက်နေသီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ထိ မီးထွန်းပွဲတော် ကို မြို့သူမြို့သား၊ နယ်သူနယ်သားဘုရားဖူးပြည်သူမှ စည်းကားသိုက်မြိုက်စွာ ကျင်းပပါသည်။

     တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို မြို့သူမြို့သား၊ နယ်သူနယ်သားဘုရားဖူး ပြည်သူများမှ စည်ကားသိုက်မြိုက်စွာကျင်းပပါသည်။ ဗုဒ္ဓပူဇနိယပွဲတော်အား တန်ပို့တွဲလဆန်း (၁၁)ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ သံဃာတော်အရှင် သူမြတ်တို့မှ ပဋ္ဌာန်းတရားတော်များကို အသံမစဲရွတ်ဖတ်ပူဇော်ကြပါသည်။

     တပို့တွဲလပြည့် နံနက်အာရုံတက်ချိန်တွင် သံဃာတော်အရှင်သူမြတ်များမှ ဘုရားအနေကဇာတင် ပူဇော်ကြပါသည်။

     တပေါင်းလပြည့်နေ့တွင် မြို့ပေါ်ကျောင်းတိုက်သံဃာတော်အပါး (၁၅၀)ကျော်တို့အား စာရေးတံမဲ များ ဖောက်၍ မဟာဒုတ်ဘုရားမဲပူဇော်ကြပါသည်။