ဂေါပကအဖွဲအဆက်ဆက်ဆောင်ရွက်မှုမှတ်တမ်းများ
ကညွတ်ကွင်းမြို့၊ ငါးထပ်ကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့အား ၁၃၁၈ ခုနှစ်တွင် အောက်ပါ ပုဂ္ဂိုလ်များ ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
နာယကများ
(၁) ဦးဘိုးငယ်
(၂) ဦးအရှန်
(၃) ဦးပေါလိပ်
ဗဟိုကော်မတီ
(၁) ဗိုလ်ကြီး သိမ်းမောင် (ဥက္ကဋ္ဌ)
(၂) ဦးဝင်းတင် (ကျောင်းအုပ်ကြီး၊ ဒုဥက္ကဌ)
(၃) ဦးကျော်ညွန့် (ဆေးမှူး ၊ အတွင်းရေးမှူး)
(၄) ဦးသိန်းမြင့် (ဆန်စက်(၁)မန်နေဂျာ၊ဘဏ္ဏာရေးမှုး)
(၅) ဦးထွန်းအေး (မူ/အုပ်၊စာရင်းစစ်)
(၆) ဦးအင်ဟို (ဆန်စက်(၂)မန်နေဂျာ၊ဆောက်လုပ်ရေး)
(၇) ဦးစိုးဝင်း (ကျောင်းဆရာ၊တွဲဖက်အတွင်းရေးမှုး)
(၈) ဗိုလ်မင်းကြွယ် (ကော်မတီဝင်)
(၉) ဦးသာအေး (ကုန်သည်၊ကော်မတီဝင်)
(၁၀) ဦးသာရင် (ပုံနှိပ်လုပ်ငန်း၊ကော်မတီဝင်)
(၁၁) ဦးဘရင် (ကုန်သည်၊ကော်မတီဝင်)
(၁၂) ဦးမောင်တင် (ကွင်းရှေ့သူကြီး၊ကော်မတီဝင်)
(၁၃) ဦးမောင်ကြီး (ကွင်းနောက်သူကြီး၊ကော်မတီဝင်)
(၁၄) ဦးထွန်းစိန် (ဘယဆေး၊ကော်မတီဝင်)
(၁၅) ဦးသာအောင် (သ/မ၊ကော်မတီဝင်)
တို့ ပါဝင်ဖွဲ့စည်းခဲ့ပါသည်။
အထက်ပါအဖွဲ့ တာဝန်ယူစဉ်ကာလမှာ ငါးထပ်ကြီးမြတ်စွာဘုရား ဂန္ဓကုဋီတိုက်၏ အမိုးအား မြို့သူ မြို့သား၊ နယ်သူနယ်သားအလှူရှင်များ၏ လှူဒါန်းမှုကြောင့် ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါသည်။
၁၃၁၈ ခုနှစ်မှ ၁၃၅၃ ခုနှစ်ကာလအတွင်း ဂေါပကအဖွဲ့အဆက်ဆက်နှင့် မြို့မိမြို့ဖ နယ်သူနယ်သား စေတနာရှင်များ၏ လှူဒါန်းမှု၊ ထိန်းသိမ်းစောင့်ရှောက်မှု စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။
၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဖြူးမြို့နယ်၊ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးအေးသန်း နှင့် မြို့မိမြို့ဖများ ညှိနှိုင်းတိုင်ပင်၍ ငါးထပ်ကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့အား ဦးသိန်းဇံ(ဥက္ကဋ္ဌ)အဖြစ် တာဝန်ယူဆောင်ရွက်ရန်နှင့် အဖွဲ့ဝင် (၁၇)ဦးပါ ဂေါပကအဖွဲ့အား ဖွဲ့စည်းပေးခဲ့ပါ သည်။
(၁.၂.၁၉၉၈)ခုနှစ်တွင် ဖြူးမြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ မြို့နယ်သာသနာရေး ဦးစီးမှူး ကညွတ်ကွင်းမြို့ အခြေစိုက် ခ.မ.ရ(၄၃၉) တပ်ရင်းမှူးဦးဆောင်၍ ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်း ခဲ့ရာ ဦးတင်မောင်မောင် (ဥက္ကဋ္ဌ) အဖြစ်နှင့် အဖွဲ့ဝင် (၁၅)ဦးပါ အဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
(၅. ၁၀. ၂၀၁၀)ခုနှစ်အရောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်သာသနာရေးမှူး ကညွတ်ကွင်း မြို့ အခြေစိုက် အမှတ်(၄၃၉)မြေမြန်တပ်ရင်း တပ်ရင်းမှူး ဦးဆောင်၍ ဂေါပကအဖွဲ့ ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့ပါသည်။
ဦးသိန်းဇံ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ တာဝန်ယူစဉ်ကာလအတွင်း ဘုရားကြီး၏ အရှေ့ဘက်အတွင်း အာရုံခံ တန်ဆောင်းအား မြို့သူမြို့သား နယ်သူနယ်သားများ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပြီး အနောက် ဘက် အတွင်းအာရုံခံတန်ဆောင်းအား ကညွတ်ကွင်းမြို့နေ ဦးကျော်၊ ဇနီး ဒေါ်မြရီ မိသားစုမှ လှူဒါန်း၍ မြောက်ဘက်အတွင်း အာရုံခံတန်ဆောင်းအား ကညွတ်ကွင်းမြို့နေ ဒေါ်စု၊ ဒေါ်မြညွန့်နှင့် သားသမီးမြေးမြစ် တို့မှ လှူဒါန်းပါသည်။
ဦးတင်မောင်မောင်နှင့်အဖွဲ့ဝင်(၁၅)ပါ တာဝန်ယူစဉ်ကာလအတွင်း အလျား(၁၀၈)ပေ၊ အနံ(၅၂)ပေ၊ အမြင့်(၁၅)ပေ (၁၀)ပင် (၉)ခန်း အာစီလောင်း ဘုရားခန်းဘုံမြင့်ဆောင်အပါအဝင် ခန့်ညားထည်ဝါသည့် သာသနာ့ဗိမာန်တော်ကြီးတစ်ဆောင်အား မြို့သူမြို့သား နယ်သူနယ်သားအများပြည်သူပေါင်းစုလှူဒါန်းငွေ နှင့် တည်ဆောက်လှူဒါန်းနိုင်ခဲ့ပါသည်။
ထို့နောက် ဘုရားကြီးဝန်းအတွင်းရှိ အနောက်ဘက်တွင် နတ်နန်းတစ်ဆောင်နှင့် အရှေ့မြောက် အရပ်ရှိ နတ်နန်းတစ်ဆောင်တို့အား တည်ဆောက်လှူဒါန်းနိုင်ခဲ့ပါသည်။
ဦးဆန်းမြင့် (ဥက္ကဋ္ဌ)ဦးဆောင်၍ အဖွဲ့ဝင် (၂၁)ဦးပါ ဂေါပကအဖွဲ့အား ပြန်လည်ဖွဲ့စည်းပေးခဲ့ပါ သည်။
ဦးဆန်းမြင့် (ဥက္ကဋ္ဌ)နှင့် အဖွဲ့တာဝန်ယူစဉ်ကာလအတွင်း ငါးထပ်ကြီးမြတ်စွာဘုရား နှစ်တစ်ရာ ပြည့်၍ ၁၃၇၂ ခုနှစ်တွင် နှစ်တစ်ရာပြည့်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။
(၁၀. ၁၁. ၂၀၁၄)နေ့တွင် အလျား(၃၁)ပေ(၈)လက်မ၊ အနံ(၂၄)ပေ(၄)လက်မရှိ အပြင်အာရုဏ်ခံ တန်ဆောင်းအား ရန်ကုန်မြို့နေ ဦးကျော်ပိုင်၊ ဇနီး ဒေါ်မိမိမြတ် မိသားစုမှ လှူဒါန်းတည်ဆောက်ပြီး ဘုရားကြီး ၏ ရှေ့မျက်နှာစာမုခ်ဦးဝရောက်သည်အထိ အနံ(၁၈)ပေ၊ အလျားပေ(၂၀)ရှိ အခန်း(၁၂)ခန်းပါ တန်ဆောင်း တော်ကြီးအား မြို့သူမြို့သား နယ်သူနယ်သားစေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုကြောင့် အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပါသည်။
၂၀၁၆ ခုနှစ်တွင် ဦးဆန်းမြင့် (ဥက္ကဋ္ဌ)ကျန်းမာရေးကြောင့် နှုတ်ထွက်သွားပြီးနောက် ဒု-ဥက္ကဋ္ဌ ဦးချစ်ဆွေ မှ ဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ရာ ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်းရှိ Óဏ်တော် (၃)ပေခွဲခန့် ရှိသော ရုပ်ပွားတော် (၅)ဆူအား တစုတစည်း ဖူးမြော်ကြည်ညိုနိုင်ရန် ပလ္လင်တော်နှင့် အမိုးပါအဆောက်အဦးအား တည်ဆောက်နိုင်ပြီး ဘုရားကြီး၏ အနောက်ဘက်အပြင် အာရုဏ်ခံ တန်ဆောင်းအား ကညွတ်ကွင်းမြို့၊ စက်တောင်(၂)ရပ်နေ ဦးအောင်မင်း (ရွှေမြေမိသားစု)မှ တည်ဆောက်လှူဒါန်းပြီး အာရုဏ်ခံတန်ဆောင်းမှ အနောက်ဘက် မုခ်ဦးဝအထိ အလျားပေ(၂၀)၊ အနံ(၁၈)ပေရှိ အခန်း(၁၁)ခန်းပါ တန်ဆောင်းတော်ကြီးအား ၂၀၁၅ ခုနှစ်တွင် ပြီးမြောက်အောင် တည်ဆောက်နိုင်ခဲ့ပြီး အရှေ့ဘက်မုခ်ဝရှိ အာရုဏ်ခံတန်ဆောင်းအား ရန်ကုန်မြို့နေ ဗိုလ်ချုပ်ဇာနည်ဝင်း ဇနီး ဒေါ်အေးအေးထွန်း မိသားစုနှင့် ညီအစ်ကိုမောင်နှမများ၏ ကောင်းမှုနှင့် အရှေ့ဘက်အာရုံခံအပြင် တန်ဆောင်းအား တည်ဆောက်လှူဒါန်းနိုင်ခဲ့ပြီး အာရုဏ်ခံတန်ဆောင်းမှ အရှေ့ဘက် မုခ်ဦးအထိ အလျားပေ (၂၀)၊ အနံ(၁၈)ပေရှိ တန်ဆောင်း (၄)ခန်းအား ဘုရားဒါယကာကြီး ဦးဘိုးကြူး၊ ဇနီး ဒေါ်အင်တို့မြေးမြစ်များမှ စုပေါင်းလှူဒါန်းပြီး တန်ဆောင်းအား တည်ဆောက်နိုင်ခဲ့ပါသည်။
ဘုရားကြီး၏ အနောက်တောင်ထောင့်အရပ်တွင် အလျား(၁၈)ပေ၊ အနံ(၁၀)ပေ အမိုးအခင်းပါ ဇရပ် တစ်ဆောင်အား ဒေါ်ကျင်ညွန့်အား ရည်စူး၍ ဆရာကြီး ဦးကျော်ဝင်း နှင့်သားသမီးများ (့.ှ.ဗ)မှ (၂၇.၁၁.၂၀၁၉) နေ့တွင် တည်ဆောက်လှူဒါန်းခဲ့ပြီး ဘုရားကြီး၏ အရှေ့မျက်နှာစာရှိ အလျား(၁၈)ပေ၊ အနံ(၁၀)ပေရှိ အမိုး၊ အခင်းပါ ဇရပ်တစ်ဆောင်အား သား-မောင်ဟိန်းထက် အားရည်စူး၍ ဦးကောက်ကောက်၊ ဇနီး ဒေါ်မြင့်မြင့်ကြည် မိသားစုမှ (၂၄. ၃. ၂၀၂၀)ခုနှစ်တွင် တည်ဆောက်လှူဒါန်း နိုင်ခဲ့ပါသည်။
ဘုရားကြီး၏ အနောက်ဘက်မုခ်ဝမှ မီးရထားသံလမ်းအကူးရေမြောင်းအား အလျား(၁၅)ပေ (၁၀) လက်မ အနံ(၁၅)ပေ(၂)လက်မရှိ ကွန်ကရစ်တံတားအား ရန်ကုန်မြို့နေ ဦးမှဲ့၊ ဇနီး ဒေါ်သောင်းတို့အား ရည်စူး၍ U.S.A နေ သမီး မရီရီအေး MR, KEVINE KLIN သား မောင်Óဏ်ထက်လင်း မိသားစုမှ (၁၄.၅.၂၀၁၉)ခုနှစ်တွင် တည်ဆောက်လှူဒါန်းပြီး ဂေါပကအဖွဲ့၏အစီအမံဖြင့် အလှူရှင်များ ပေါင်းစုလှူဒါန်း ကြ၍ ဘုရားကြီး၏ ဂန္ဓကုဋီတိုက်တော် အတွင်းအပြင်နံရံအား ေြွကပြားများကပ်လှူဒါန်းနိုင်ခဲ့ပါသည်။
ဘုရားကြီး၏ ဂန္ဓကုဋီတိုက်တော်အတွင်း ရင်ပြင်တော်အား ဘုရားဒါယကာကြီး ဦးဘိုးကြူး၊ ဇနီး ဒေါ်အင် တို့၏သားသမီးမြေးမြစ်များမှ ပေါင်းစုလှူဒါန်းကြပါသည်။
(၁၈. ၁. ၂၀၂၄)နေ့တွင် ငါးထပ်ကြီးမြတ်စွာဘုရား ဂန္ဓကုဋီတိုက်၏ မျက်နှာကျက်တော်အား ရန်ကုန်မြို့နေ ဦးအောင်မြင့်၊ ဇနီး ဒေါ်ခင်သန်းလင်း (သား) ကိုဒေးဗစ်လင်း၊ ကိုအယ်လ်ဗတ်လင်း (သမီး) မေဘယ်လ်လင်း မိသားစုတို့မှ လှူဒါန်းကြပါသည်။
ဂေါပကအဖွဲ့၏အစီအမံဖြင့် ငါးထပ်ကြီးမြတ်စွာဘုရား ရုပ်ပွားတော်မြတ်ကြီးအား (၅)နှစ်လျှင် တစ်ကြိမ် ရောင်တော်ဖွင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး ငါးထပ်ကြီးမြတ်စွာဘုရားနှင့် ဘုရားဝန်းအတွင်းရှိ သာသနိက အဆောက်အဦးများအား အစဉ်သဖြင့်လိုအပ်သည်များကို ဂေါပကအဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက် လျှက်ရှိပါသည်။
ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်းရှိ ဘုရားဖူးလာပြည်သူများ အသုံးပြုနိုင်ရန် အခန်း(၃)ခန်းပါ သန့်စင်ခန်းအား (၁၈. ၆. ၂၀၁၅)ခုနှစ်တွင် နှစ်ဖက်သော မိဘများဖြစ်ကြသော သံအမတ်ကြီးဟောင်း ဦးညိုထွန်း+ဒေါ်ရွှေမဘုံ နှင့် ဦးထွန်းလွင်+ဒေါ်ခင်ဥ တို့အား ရည်စူး၍ ဗကျအမေူငေ နိုင်ငံ ဃညေဘနမမေ မြို့နေ ဦးစောညို+ဒေါ်မြင့်မြင့်အေး မိသားစုတို့မှ လှူဒါန်းပြီး ကိုခန်းဓမ္မာရုံတော်ကြီးနှင့်တွဲလျှက် သန့်စင်ခန်းနှင့် ရေချိုးခန်းအား သံဃာတော်များအသုံးပြုနိုင်ရန် (၁၈. ၂. ၂၀၂၂)ခုနှစ် ဗိုလ်ချုပ်ဇာနည်ဝင်း (ငြိမ်း) + ပါမောက္ခ ဒေါက်တာ အေးအေးထွန်း မိသားစု ရန်ကုန်မြို့မှ လှူဒါန်းပြီး ဘုရားဖူးလာပြည်သူများ အသုံးပြု နိုင်ရန် (၃၄၅)ပေ အနက်ရှိ အဝီစိတွင်းနှင့် ရေစင်အား ဘုရားဒါယကာကြီး ဦးဘိုးကြူး၊ ဇနီး ဒေါ်အင် တို့၏ သမီးကြီး ဒေါ်ဆင်၊ ဦးကျော်ထွန်း တို့၏ သမီးကြီး ဒေါ်ခင်ခင်သိန်း (အငြိမ်းစား) တတိယအတွင်းဝန် နိုင်ငံခြားရေးဝန်ကြီးဌာန ဦးလေးမောင် မိသားစု ရန်ကုန်မှလှူဒါန်းပြီး ၁၃၅၆ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့တွင် ဈေးတောင်ရပ်နေ ဖခင်ကြီး ဦးတင်ရှိန်၊ မိခင်ကြီး ဒေါ်သိန်းချစ်တို့အား ရည်စူး၍ သား ကိုကံကြည် (ညီမ) မဝင်းဝင်းဌေး မိသားစုတို့မှ အနက်ပေ (၃၀ဝ)ခန့်ရှိ အဝီစိတွင်းနှင့် ရေကန်သန့် စင်ခန်းပါ အဆောက်အဦးအား လှူဒါန်းခဲ့ကြပါသည်။
ဘုရားဖူးလာပြည်သူများ စက်ဘီး၊ ဆိုင်ကယ်တို့အား မိုးလုံလေလုံထားနိုင်ရန်အတွက် အလျား (၃၂)ပေ အနံ(၁၆)ပေ ကွန်ကရစ်ခန်း အမိုးပါအဆောက်အဦးအား (၁၂. ၃. ၂၀၁၈)ခုနှစ် တည်ဆောက် နိုင်ခဲ့ပြီးဖြစ်ပါသည်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့
ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်းရှိ ရေကန်တော်သမိုင်း
ကညွတ်ကွင်းမြို့၊ ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်းရှိ ရေကန်တော်နှစ်ကန်အား (၁.၃.၁၉၅၀) ခုနှစ် တွင် ကညွတ်ကွင်းမြို့ အခြေစိုက်အမှတ် (၅)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး တင်မောင်၊ ဗိုလ်မြင့်ဆွေနှင့် ဒုဗိုလ် လှကြည်၊ ငါးထပ်ကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့သားများဖြစ်ကြသော ဦးဘိုးငယ် ဦးဆောင်၍ ဦးအစွန်၊ ဦးပေါလိပ် တို့ပူးပေါင်းညှိနှိုင်း၍ ဘုရားကြီးရှေ့မျက်နှာစာတွင် ရေကန်နှစ်ကန်တူးဖော်ရန် ညှိနှိုင်း တိုင်ပင်ဆွေးနွေး ကြပါသည်။
အထက်ပါတိုင်ပင်ညှိနှိုင်းမှုအရ ရေကန်နှစ်ကန်တူးဖော်ရန် ဆုံးဖြတ်ကြပြီး မြို့သူမြို့သား၊ နယ်သူ နယ်သားများ၏ လုပ်အားအကူအညီဖြင့် တူးဖော်ခဲ့ရာ (၁၅.၉.၁၉၅၀)ခုနှစ်တွင် ရေကန်တော်နှစ်ကန်အား အောင်မြင်စွာ တူးဖော်နိုင်ခဲ့ပါသည်။
အရှေ့ဘက်ရေကန်တော်တွင် ရှင်သီဝလိရဟန္တအရှင်သူမြတ် သီတင်းသုံးတော်မူရာ ကျောင်းဆောင် နှင့် ရုပ်ထုတော်အား အလှူရှင် ဦးသောင်းရှိန် ဇနီး ဒေါ်ကျင်စံ မိသားစုတို့မှလှူဒါန်းပြီး ရှင်သီဝလိ ကျောင်းဆောင် အရောက် တံတားအလှူရှင်မှာ ရန်ကုန်မြို့နေ ဦးအောင်မြင့်ဇနီး ဒေါ်ခင်လင်းမိသားစုတို့ လှူဒါန်းခဲ့ပါသည်။
အနောက်ဘက်ရေကန်တော်တွင် ရှင်ဥပဂုတ္တသီတင်သုံးနိုင်ရန်အတွက် ကျောင်းဆောင်တော်နှင့် ရုပ်ထုတော်အား ကညွတ်ကွင်းမြို့နေ ဖခင်ကြီး ဦးတင်ရှိန်+မိခင်ကြီး ဒေါ်သိန်းချစ် တို့အားရည်စူး၍ (သား)ဦးကံကြည် (သမီး)မဝင်းဝင်းဌေး မိသားစုတို့မှ လှူဒါန်းပါသည်။
ရှင်ဥပဂုတ္တကျောင်းဆောင်အရောက် တံတားအလှူရှင်မှာ ကညွတ်ကွင်းမြို့နေ ဦးအလင်ခွေး (ခ) ဦးလှမောင် ဇနီး ဒေါ်သန်းတင်မိသားစုတို့ ဆောက်လုပ်လှူဒါန်းပါသည်။
ဂေါပကအဖွဲ့ အဆက်ဆက်၏ ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ယနေ့ထက်တိုင်တင့်တယ်သပ္ပါယ် စွာ ဖူးမျှော်ကြည်ညိုနိုင်ပါသည်။