Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
ခေါင်းလောင်းတော်ကြီး
ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်းရှိ ခေါင်းလောင်းတော်ကြီး၏ ပထမလှူဒါန်းသော အလှူရှင် မှာ ဦးဘိုးမြိုင်၊ ဇနီး ဒေါ်အေးကြီး မိသားစုမှ လှူဒါန်းခဲ့ပါသည်။ ၄င်းခေါင်းလောင်းတိုက်မှာ ယိုယွင်းပျက်စီး လာခဲ့သည့်အတွက် ၄င်းခေါင်းလောင်းတိုက်အား ဦးကျော်သိန်း၊ ဇနီး ဒေါ်ခင်ယုန်(ဒိုင်နမိုမိသားစု)၊ ဦးကျင်ဝင်း မိသားစုတို့မှ ပြန်လည်မွမ်းမံလှူဒါန်းခဲ့ပါသည်။
၄င်းခေါင်းလောင်းတိုက်အား ငါးထပ်ကြီးမြတ်စွာဘုရား ဂေါပကအဖွဲကမှ တာဝန်ယူဆောင်ရွက်ချိန် တွင် ဦးသောင်းရှိန် ၊ ဇနီး ဒေါ်ကျင်စံ မိသားစုမှ လှပသော နှစ်ထပ်ခေါင်လယ်ပေါ်ဘုံမြင့်ဆောင် တစ်ဆောင် ကို ကျပ်ငွေငါးသောင်းဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
မြဲမြန်ခြင်းမရှိသော သဘောအတိုင်း ၂၀ဝဝ ပြည့်နှစ်၊ ဧပြီလအတွင်း တိုက်ခတ်သော လေမုန်တိုင်း ကြောင့် အမိုးများပျက်စီးသွားပါသဖြင့် ကွင်းချောင်းတံတားဆောက်လုပ်ရေးမှ အင်ဂျင်နီယာ ဦးရွှေအေးမှ ပြန်လည်ပြုပြင်ပေးခဲ့ပါသည်။
ထိုခေါင်းလောင်းတိုက်အား မူလအလှူရှင် ဦးသောင်းရှိန်၊ ဇနီး ဒေါ်ကျင်စံ ကျန်ရစ်သူသားသမီး များမှ ၂၀၁၈ ခုနှစ်တွင် သံဘောင်သံတိုင်ဖြင့် အမိုးများအသစ်တဖန် ပြန်လည်ပြုပြင်ဆောက်လုပ်လှူဒါန်း ခဲ့ရာ ကျပ်ငွေ (၁၃)သိန်း(၅)သောင်းအကုန်အကျခံကာ လှူဒါန်းခဲ့ပါသည်။
ယခုထက်တိုင် ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်း တင့်တယ်စွာ ရှိပါသည်။