Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
ဇရပ် (၄)ဆောင်
ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်း ဘုရားဖူးလာပြည်သူများ နားနေတည်းခိုနိုင်ရန် ဇရပ် ၄ ဆောင် အား အလှူရှင်မိသားစုများမှ ဆောက်လုပ်လှူဒါန်းရာ ဘုရားကြီး၏ အနောက်တောင်ထောင့်အရပ်တွင် အနံ ၁၀ ပေ အလျား ၁၈ ပေရှိ အမိုးအခင်းပါ ဇရပ်တဆောင်းအား ကညွတ်ကွင်းမြို့နေ ဒေါက်တာဦးတင်ရွှေဇနီး ဒေါ်ခင်ဆွေဝင်း မိသားစုမှ (၃. ၁၁. ၂၀ဝ၇) ခုနှစ်တွင် တည်ဆောက်လှူဒါန်း ပါသည်။
ဘုရားကြီး၏ မျက်နှာစာရှိ အမိုးအခင်းပါ အနံ ၁၀ ပေ အလျား ၁၈ ပေ ရှိ ဇရပ်တစ်ဆောင်အား ကညွတ်ကွင်းမြို့နေ ဦးစောမောင်၊ ဇနီး ဒေါ်ဝင်းကြည် (ချိုတေးသံ) မိသားစုမှ (၂၀. ၄. ၂၀ဝ၉)ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့ပါသည်။
ဘုရားကြီးအနောက်တောင်ထောင့်အရပ်တွင် အနံ (၁၀)ပေ အလျား (၁၈)ပေရှိ အမိုးအခင်းပါ ဇရပ် တစ်ဆောင်အား ဒေါ်ကျင်ညွန့်အားရည်စူး၍ ဆရာကြီး ဦးကျော်ဝင်းနှင့် သားသမီးများဖြစ်သော ကိုငုံးငုံး၊ ဇနီး ဆရာမ မအိ၊ မစိမ့်၊ ကိုလွှမ်းမိုးကျော်၊ ကိုနေနေ မိသားစု (့.ှ.ဗ)မှ (၂၇. ၁၁. ၂၀၁၉)နေ့ တွင် တည်ဆောက် လှူဒါန်းခဲ့ပါသည်။
ဘုရားကြီး၏ရှေ့မျက်နှာစာရှိ အမိုးအခင်းပါ အနံ(၁၀)ပေ၊ အလျား(၁၈)ပေရှိ ဇရပ်တစ်ဆောင်အား သားမောင်ဟိန်းထက်အားရည်စူး၍ ဦးကောက်ကောက်၊ ဇနီး ဒေါ်မြင့်မြင့်ကြည် မိသားစုမှ (၂၄.၃.၂၀၂၀) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့ကြပါသည်။
ဂေါပကအဖွဲ့အဆက်ဆက်၏ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ယနေ့ထက်တိုင် ဘုရားဖူး ပြည်သူများ ချမ်းမြေ့စွာနားနေနိုင်ပါသည်။