Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
ရေကန်တော်
ကညွတ်ကွင်းမြို၊ ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်းရှိ ရေကန်တော်နှစ်ကန်အား (၁.၃.၁၉၅ဝ) ခုနှစ် တွင် ကညွတ်ကွင်းမြို အခြေစိုက်အမှတ် (၅)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး တင်မောင်၊ ဗိုလ်မြင့်ဆွေနှင့် ဒုဗိုလ် လှကြည်၊ ငါးထပ်ကြီးမြတ်စွာဘုရား ဂေါပကအဖွဲသားများဖြစ်ကြသော ဦးဘိုးငယ် ဦးဆောင်၍ ဦးအစွန်၊ ဦးပေါလိပ် တိုပူးပေါင်းညှိနှိင်း၍ ဘုရားကြီးရှေ့မျက်နှာစာတွင် ရေကန်နှစ်ကန်တူးဖော်ရန် ညှိနှိင်းတိုင်ပင်ဆွေးနွေး ကြပါသည်။
အထက်ပါ တိုင်ပင်ညှိနှိင်းမှုအရ ရေကန်နှစ်ကန်တူးဖော်ရန် ဆုံးဖြတ်ကြပြီး မြိုသူမြိုသား နယ်သူနယ်သား များ၏ လုပ်အားအကူအညီဖြင့် တူးဖော်ခဲ့ရာ (၁၅.၉.၁၉၅၀)ခုနှစ်တွင် ရေကန်တော်နှစ်ကန်အား အောင်မြင်စွာ တူးဖော်နိုင်ခဲ့ပါသည်။
အရှေ့ဘက် ရေကန်တော်တွင် ရှင်သီဝလိရဟန္တအရှင်သူမြတ် သီတင်းသုံးတော်မူရာ ကျောင်းဆောင်နှင့် ရုပ်ထုတော်အား အလှူရှင် ဦးသောင်းရှိန်ဇနီး ဒေါ်ကျင်စံ မိသားစုတိုမှလှူဒါန်းပြီး ရှင်သီဝလိကျောင်းဆောင် အရောက် တံတားအလှူရှင်မှာ ရန်ကုန်မြိုနေ ဦးအောင်မြင့်ဇနီး ဒေါ်ခင်လင်းမိသားစုတို လှူဒါန်းခဲ့ပါသည်။
အနောက်ဘက်ရေကန်တော်တွင် ရှင်ဥပဂုတ္တသီတင်သုံးနိုင်ရန်အတွက် ကျောင်းဆောင်တော်နှင့် ရုပ်ထုတော်အား ကညွတ်ကွင်းမြိုနေ ဖခင်ကြီး ဦးတင်ရှိန်+ မိခင်ကြီး ဒေါ်သိန်းချစ်တိုအားရည်စူး၍ (သား)ဦးကံကြည် (သမီး)မဝင်းဝင်းဌေး မိသားစုတိုမှ လှူဒါန်းပါသည်။
ရှင်ဥပဂုတ္တကျောင်းဆောင်အရောက် တံတားအလှူရှင်မှာ ကညွတ်ကွင်းမြိုနေ ဦးအလင်ခွေး(ခ)ဦးလှမောင် ဇနီး ဒေါ်သန်းတင်မိသားစုတို ဆောက်လုပ်လှူဒါန်းပါသည်။
ဂေါပကအဖွဲ အဆက်ဆက်၏ ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ယနေ့ထက်တိုင်တင့်တယ်သပ္ပါယ်စွာ ဖူးမျှော်ကြည်ညိုနိုင်ပါသည်။