Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
ဗောဓိပင်
ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်းရှိ စိုက်ထူပူဇော်ထားသော ဗောဓိပင် (၂)ပင်မှာ ဗုဒ္ဓဂါယာ ဘုရားဖူးခရီးမှ ပြန်ြွကလာသော ဆရာတော်တစ်ပါး ပင့်ဆောင်လာသော ဗောဓိပင် (၂)ပင်အား ကညွတ်ကွင်းမြို့၊ မန္တလေးကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တ ဣန္ဒဝံသ အား လက်ဆောင် အဖြစ်ပေးလှူခဲ့ရာ ဆရာတော်မှ ဗုဒ္ဓဂါယာမှ ပင့်ဆောင်လာသော ဗောဓိပင်ဖြစ်သည့်အတွက် ကညွတ်ကွင်း မြို့၊ မြို့ဦးမြို့ဖျားတွင် တည်ထားလျှက်ရှိသော ငါးထပ်ကြီးမြတ်စွာဘုရားဝန်းအတွင်း စိုက်လှူမှ သင့်လျော် မည်ဟုရည်ရွယ်၍ ဘုရား ဂေါပကအဖွဲ့နှင့် တိုင်ပင်ညှိနှိုင်းပြီး ဘုရား၏အရှေ့တောင်ထောင့် တစ်ပင်နှင့် အနောက်တောင်ထောင့်တွင် တစ်ပင်တို့အား ၁၃၅၆ ခုနှစ်၊ ကဆုန်လဆန်း (၁၅)ရက်နေ့တွင် စိုက်လှူ ပူဇော်ခဲ့ပါသည်။
အရှေ့တောင်ထောင့်အရပ်ရှိ ဗောဓိပင်နှင့် ပလ္လင်တော်အား ပထမအလှူရှင်မှာ ကညွတ်ကွင်းမြို့၊ အခြေစိုက် ခ.မ.ရ-၄၃၉ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လင်းနိုင်၊ ဇနီး ဒေါ်တင်တင်ဖုန်း မိသားစုမှ ပလ္လင်တော်အား လှူဒါန်းခဲ့ရာ ကာလကြာလာသည့်အလျောက် ဗောဓိပင်မှာ ကြီးထွားလာသည့် အတွက် ပလ္လင်တော်မှာကွဲအက်လာသည့်အတွက် ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဒါယကာ ကြီး၏ မြေးမြစ်များဖြစ်ကြသော ရန်ကုန်မြို့နေ ဗိုလ်ချုပ် ဇာနည်ဝင်း၊ ဇနီး ပါမောက္ခ ဒေါ်အေးအေးထွန်း မိသားစုနှင့် ညီအစ်ကိုမောင်နှမများမှ ပလ္လင်တော်နှင့် ရုပ်ပွားတော်များအား လှူဒါန်းခဲ့ကြပါသည်။
အနောက်တောင်ထောင့်အရပ်တွင် စိုက်လှူပူဇော်ထားသော ဗောဓိပင် နှင့် ပလ္လင်တော်အား ကညွတ်ကွင်းမြို့နေ ဒေါက်တာ ဦးတင်ရွှေ ဇနီး ခင်ဆွေဝင်း(ရွှေစန္ဒာဆေးကုခန်း)မိသားစုတို့မှ ၁၃၅၆ ခုနှစ်၊ ကဆုန်လဆန်း (၁၅)ရက်နေ့တွင် ရုပ်ပွားတော်နှင့် ပလ္လင်တော်အား အနေကဇာတင်ပူဇော်လှူဒါန်းခဲ့ပါ သည်။
ဂေါပကအဖွဲ့အဆက်ဆက်မှ ပြုပြင်မွမ်းမံထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ယနေ့ထက်တိုင် ဖူးမြှော် ကြည်ညိုနိုင်ပါသည်။