ကညွတ်ကွင်းမြို့၏ မြို့တောင်အရပ်ရှိ အကျယ်အဝန်း (၄.ဝဝ၃)ဧကရှိသော မြေဧရိယာပေါ်တွင် တည်ထားကိုးကွယ်လျှက်ရှိသော ငါးထပ်ကြီးမြတ်စွာဘုရားရုပ်ပွားတော်မြတ်ကြီးအား ကညွတ်ကွင်းမြို့သား မြေပိုင်ရှင် စက်သူဌေးကြီး ဦးဘိုးကြူး၊ ဇနီး ဒေါ်အင် မိသားစုတို့မှ ၁၂၇၂-ခုနှစ်တွင် ဉာဏ်တော်အမြင့်အား ဖြင့် (၃၂) တောင်တစ်မိုက်ရှိသော ရုပွားတော်မြတ်ကြီးနှင့် အမြင့်အားဖြင့် အတောင်(၃၀)ရှိသော ဂန္ဓကုဋီတိုက် မုခ်ပေါက် (၄)ပေါက်ပါရှိပြီး ဂန္ဓကုဋီတိုက်တော်၏ အလျား အနံ ပါတ်လည်မှာ ၃၆ တောင် ၁ မိုက်ရှိသော ဂန္ဓကုဋီတိုက်နှင့် ရုပ်ပွားတော်မြတ်ကြီးအား တည်ထားပူဇော်ခဲ့ပါသည်။

ဘုရားဒါယကာကြီး တည်ထားခဲ့စဉ်က ဂန္ဓကုဋီတိုက်တော်မှာ အမိုးမပါရှိခဲ့သောကြောင့် ဂေါပက အဖွဲ့ အဆက်ဆက်၏ ကြိုးပမ်းအားထုတ်မှု၊ မြို့သူမြို့သား နယ်သူများ သဒ္ဓါတရားထက်သန်စွာ လှူဒါန်း ခဲ့မှုကြောင့် ယခုအခါ ရုပ်ပွားတော်မြတ်ကြီးမှာ စောင်းတန်းသုံးသွယ်နှင့် အမိုးအကာ လုံခြုံသော ဂန္ဓကုဋီ တိုက်တော်အတွင်း ရုပ်ပွားတော်ကြီးမှာ စောင်းတန်းသုံးသွယ်နှင့် အမိုးအကာလုံခြံုသော ဂန္ဓကုဋီတိုက် တော်အတွင်း ရုပ်ပွားတော်မြတ်ကြီးမှာ တင့်တယ်သပ္ပါယ်စွာ ကိန်းဝပ်စံပယ်တော်မူလျက်ရှိပါသည်။