တာတိုင်ဘုရားခုနစ်ဆူမြောက်ကျိုက်မထီးစေတီသည် ရန်ကုန်တိုင်းဒေသကြီးသန်လျင်ခရိုင် ခရမ်းမြို့ နယ်ပဇင်းနီကန်ရွာတွင်တည်ရှိသည်။ ရွှေအင်တုံဘုရားဟုလည်း ခေါ်ဆိုကြသည်။ ရှစ်မြှောင့်ပုံစေတီ တစ်ဆူဖြစ်ပြီး စေတီတော်တွင် ရှေးဟောင်းအုတ် လက်ရာများကိုလေ့လာတွေ့ရှိနိုင်သည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၇၂ တောင်( ၁၀၈ ပေ )ရှိသည်။ ရှစ်မြှောင့်ပုံစေတီဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၃၉ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် စေတီပြိုကျခဲ့ပြီး အလှူရှင် ဦးအုန်းသီးမှ ၁၃၄၁ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့သည်။ ၁၃၄၄ ခုနှစ်တွင် ထီးတင်ပွဲပြုလုပ်ခဲ့ပြီး နှစ်စဉ် တပေါင်းလဆန်း ၃ ရက်နေ့မှ စ၍ ဘုရားပွဲ ၅ ရက်တိတိ ကျင်းပမြဲဖြစ်သည်။ ကျိုက်မထီးဘုရားသည် တာတိုင်ဘုရား ၁၁ ဆူအနက် ၇ ဆူ မြောက်ဖြစ်သည်။ ၎င်းစေတီတွင် အလျား ၁ ပေ ၊ဗျက် ၆လက်မ၊ ထု ၂ လက်မ ရှိရှေးဟောင်းအုတ်များ ကို လည်း ယနေ့တိုင်တွေ့မြင်နိုင်ပါသည်။ ဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။
(ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ၊ Knowledge Corrider, wikipedia)