မြသိန်းတန်စေတီတော်

မြသိန်းတန်စေတီသည် ရန်ကုန်တိုင်းဒေသကြီး သန်လျှင်ခရိုင်သုံးခွမြို့နယ် ရှမ်းစုရွာတွင်တည်ရှိပြီး  တာတိုင်ဘုရား ၁၁ ဆူအနက် ကိုးဆူမြောက်ဘုရားဖြစ်သည်။

ကောဇာသက္ကရာဇ် ၁၉၀၊ အေဒီ ၈၂၈ တွင် လွမ်းစေတီအမှတ်တရများအဖြစ် ရွှေဖရုံမယ်မိဖုရားကြီးမှတည်ထားကိုးကွယ်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၃၂၆ ခုနှစ်တွင် အလှူဒါယကာမဒေါ်ပန်းခုံမှ မြသိန်းတန်စေတီတော်ကြီးကိုအုတ်မြစ်ချ၍ ဉာဏ်တော် (၄၅) တောင် (၆၇ပေ၆ လက်မ) အမြင့်ရှိသောစေတီတော်ကိုတည်ထားခဲ့ပါသည်။ ခရစ်နှစ် ၂၀၀၇ခုနှစ်တွင် မြိုင်ကြီးငူဆရာတော်ဦးသုဇနမှ ထီးတော်တင်လှူခဲ့ပါသည်။ ယခုအခါမြသိန်းတန် ကျောင်းတိုက်ဆရာတော် ဦးဇာဂရိယမှ ဘုရားကြီးစည်ပင်တိုးတက်ရေးအား ဦးစီးဆောင်ရွက်လျက် ရှိနေပြီး လျှပ်စစ်မီးအလှူရှင်ရရှိရေးမှာအလိုအပ်ဆုံးဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။ ရှေးဟောင်း သမိုင်းဝင်ဘုရားစေတီဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စေတီတော်တိုး တက်စည်ကားရေးကို ဒေသခံများကလိုလားလျက်ရှိသည်။ ဂေါပကအဖွဲ့ကထိန်းသိမ်းစောင့်ရှောက် ထားပြီး မြသိန်းတန်စေတီဘုရားပွဲ ကို နှစ်စဉ်တပို့တွဲလပြည့်နေ့မှ စတင်၍ငါးရက်ကြာ ကျင်းပလေ့ ရှိကြောင်း သိရသည်။

(ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ၊ Knowledge Corrider, wikipedia)