ထုံးသင်္ကန်းဖြူဖြူဖြင့်သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှသည့် ကျိုက်ခရုစေတီသည်(၆)ဆူမြောက်တာတိုင် ဘုရားဖြစ်ပြီး ကဝ မြို့နယ်ကန်ဘဲ့ရွာ၌ တည်ရှိပါသည်။ သမိုင်းဝင်စေတီတော်ကြီးတစ်ဆူဖြစ်သည့် အတွက် စေတီတည်ရှိရာကန်ဘဲ့ရွာခံများ သာမက အထုံ၊ ဇီးဖြူကုန်း၊ကန်ပေါက်စသည့် ကျေးရွာနေ ပြည်သူများနှင့်ရပ်မိရပ်ဖများကကပါ ဝိုင်းဝန်းထိန်းသိမ်းပူဇော်ထားရှိသည်။ ဉာဏ်တော်အမြင့် ပေ (၉၀) ရှိပြီး ရှစ်မြှောင့်စေတီဖြစ်ပါသည်။ အရံစေတီငယ်(၈) ဆူရှိပြီး ပစ္စယံအနားတစ်ဖက်လျှင် ၃၁ ပေ ၊ ဖိနပ်တော်အနားတစ်ဖက်လျှင် ၄၃ပေ ၆လက်မရှိပြီး ဘုရားဝတ္တကမြေအကျယ် (၅) ဧကခန့် ကျယ်ဝန်းပါသည်။
(ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ)
